ဘေးက ဂရပ်လေးက New England of Journal of Medicine မှာ ဖေါ်ပြထားခဲ့ဖူးတဲ့ သုတေသန စာတမ်းလေးတစ်ခုက ယူထားတာပါ။ စာတမ်းပြုစုတဲ့သူတွေက စိတ်ဝင်စားဖို့ကောင်းတဲ့ ခေါင်းစဉ်လေးတစ်ခုကို အပျော်သဘောနဲ့ သုတေသနလုပ်ထားတာလေးပါ။ ဒီဂရပ်ကို ကြည့်ပြီး ဘာတွေထူးခြားနေလဲဆိုတာ ခဏစဉ်းစားကြည့်ပေးပါ။ စဉ်းစားပြီးမှ ဒီပို့စ်ကို ဆက်ဖတ်ကြည့်ပေါ့။
ဒီ ဂရပ်မှာ
တိုင်းပြည်တစ်ပြည်ဆီက ချော့ကလက်စားနှုန်းနဲ့ နိုဘယ်ဆုရှင် အရေအတွက် ဆက်စပ်နေကြောင်း
ကို ပြထားပါတယ်။ Correlation က တော်တော်များတယ်။ အန်တီစုလည်း ချော့ကလက်များများစားထားပုံရတယ်။ ဒီတော့ နိုဘယ်ဆု ရအောင် ကျွန်မလည်း ချော့ကလက် များများ စားရမလို ဖြစ်နေပြီ။
တစ်ကယ်တော့
ဒီဆက်စပ်မှုဟာ မမှန်ကန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ်နိုဘယ်ဆု ရထားတဲ့ သူတွေက ချော့ကလက်ကြိုက်တဲ့သူ
ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ချော့ကလက်မစားတဲ့သူတွေက ယေဘုယျအားဖြင့် ပိုတော်သွားပြီး
နိုဘယ်ဆုတွေ ရသွားတာလဲ ဖြစ်နိုင်ပါတယ်။ နောက်ပြီး နိုဘယ်ဆုက အမျိုးအစား မျိုးစုံနဲ့ဆိုတော့ ချော့ကလက်က ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ကောင်းတာလား၊ ရူပဗေဒ နိုဘယ်ဆုအတွက် ကောင်းတာလား ဆိုတာ မကွဲပြားပါဘူး။
နောက်ထပ် ဥပမာတစ်ခု
ထပ်ကြည့်ရအောင်။
ဒီမှာဆိုရင် နှလုံးရောဂါမဖြစ်အောင် အရက်များများသောက်ပေးရမလို ဖြစ်နေပြီ။
ဒီမှာဆိုရင် နှလုံးရောဂါမဖြစ်အောင် အရက်များများသောက်ပေးရမလို ဖြစ်နေပြီ။
နောက်ထပ်ဥပမာတစ်ခုကိုလည်း ထပ်ကြည့်ရအောင်။
ဒီမှာလည်း ကိုယ့်ကိုယ်ကို မသတ်သေဖြစ်အောင် ဘာသာပြောင်းရမလို ဖြစ်နေပြီ။
ဒီလို တစ်ဦးတစ်ယောက်ချင်းဆီအတွက် ကောက်ချက်ချရမယ့် သုတေသနမျိုးမှာ မြို့၊ တိုင်းပြည်တို့နဲ့ယှဉ်ပြီး ဒေတာယူလိုက်မယ်ဆိုရင် အထက်ပါ ဂရပ်တွေလိုမျိုး အဓိပ္ပါယ်မရှိတဲ့ ဆက်စပ်မှုတွေ ရှိသွားပါလိမ့်မယ်။ ဒါကို Ecologic Fallacy လို့ ခေါ်ပါတယ်။ သူကတော့ ကျန်းမာရေးမှာ သုံးတဲ့ စာလုံးလေးဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခြားတွေမှာလည်း သုံးလို့ရပါတယ်။
သုတေသန စာတမ်းတော်တော်များများမှ ဒီလိုအမှားတွေ တွေ့ပါတယ်။ ဥပမာ တိုင်းပြည်တစ်ပြည်မှာ အမှိုက်စည်းမဲ့ကမ်းမဲ့ ပစ်တဲ့နှုန်းများနေတာနဲ့ သစ်တောပြုန်းတီးမှု နည်းပါးသွားမှုနဲ့ ဆက်စပ်သွားတာတို့။ ပြည်နယ်တစ်ခုချင်းဆီက အနည်းဆုံးလစာအရေအတွက်နဲ့ သူဌေးအရေအတွက် ဆက်စပ်သွားတို့ပေါ့။
တစ်ခါတစ်လေတော့လည်း ဒီလို သုတေသနမျိုးလည်း လုပ်ရပါတယ်။ အထူးသဖြင့် ကိုယ့်ဆီမှာ ဘက်ဂျက်က နည်းနေရင်၊ အချိန်သိပ်မရရင်၊ နောက်ပြီး ကိုယ်က လက်ရှိဘာဖြစ်နေလဲဆိုတာ အကြမ်းဖျင်း သိချင်ရင်ပေါ့။ အဓိကကတော့ မိမိကောက်ချက်ဆွဲတာ မမှားသွားဖို့ပဲ အရေးကြီးပါတယ်။
No comments:
Post a Comment