Excel
Logic “IF” ဆိုတာ “အကယ်၍ ” ဒါမှမဟုတ် “--ဆိုရင်” ဆိုတဲ့
စာကြောင်းလေး တစ်ကြောင်းပဲ ဖြစ်ပါတယ်။ သီချင်းတောင် ရှိပါသေးတယ်။ “သူနဲ့သာ ဆိုရင် ---- ဘယ်လိုပင် ဝေးပါစေ ---- လိုက်မှာပဲ အမြဲတွဲယှဉ် ----” အဲဒါ
သူနဲ့မို့လို့သာ လိုက်တာပေါ့။ သူမဟုတ်ရင် ဘယ်လိုက်မလဲ။
အဲဒီလိုပါပဲ။ Excel
Logic “IF” ဆိုတာ ကိုယ်က Excel
ကို
အကယ်၍
ဘာအခြေအနေ ဆိုရင် ဘာလုပ်လိုက်ပါ ဆိုပြီး ခိုင်းလိုက်တာပါ။ အဲဒီအတွက်
မိမိရဲ့
Excel
Data မှာ
ဘာအခြေအနေ
(Conditions) တွေ
ရှိနေလဲဆိုတာ သိနေဖို့လိုပါတယ်။ အဲ ပြီးတော့ Excel
ရဲ့ဘာသာစကား
ပြောတတ်ဖို့လဲ လိုတာပေါ့။
အင်္ဂလိပ်စာမှာရော
Excel
မှာရော
“အကယ်၍” ဆိုကာ ရေးချင်ရင် IF နဲ့ စာကြောင်းကို စရေးရပါတယ်။ IF နောက်ကမှ ကိုယ်ပြောချင်တဲ့ အခြေအနေတွေကို
ဆက်ပြောရပါတယ်။ အခြေအနေတွေကို IF နောက်က လက်သည်းကွင်းထဲမှာ IF() လို့
ထည့်ပြီး ရေးရပါမယ်။ လက်သည်းကွင်းထဲမှာ Comma လေးတွေနဲ့ ခြားထားတဲ့ အပိုင်း ၃ ပိုင်း ရှိတယ်။ ဒီလိုလေးပေါ့ ။ IF( -- , -- , -- ) အရင်ဆုံး ပထမအပိုင်းမှာ မိမိပြဌာန်းလိုက်တဲ့ အခြေအနေကို ရေးရပါမယ်။
သူ့နောက်ကမှ စောစောက အခြေအနေရှိရင် ဖြစ်လာမယ့်အရာ ကို ရေးရပါမယ်။ နောက်ဆုံးမှာတော့
စောစောက အခြေအနေ မရှိခဲ့ရင် ဖြစ်လာမယ့်အရာကို ရေးရပါမယ်။
စောစောက
သီချင်းကို Excel က သူလဲ လိုက်ဆိုလိုက်တော့
ဒီလိုဖြစ်သွားတယ်။
=IF(သူနဲ့သာ , ဘယ်လိုပင် ဝေးပါစေ လိုက်မှာပဲ အမြဲတွဲယှဉ် , ဘယ်လိုက်မှာလဲ ဝေလာ ဝေး)
ဒီတစ်ပုဒ်နဲ့တင် မဝလို့ Excel က နောက်တစ်ပုဒ်
ထက်ဆိုလိုက်သေးတယ်။
=IF(မိုးရွာမယ် , သည်းလိုက်စမ်းပါ့ကွယ် , ညှိုး စံပယ်ရုံပင်တွေ)
လေ့ကျင့်ခန်း
Excel
Logic “IF” အတွက် လေ့ကျင့်ခန်း အနေဖြင့် ၁၀ တန်း အမှတ်စာရင်းအတု တစ်ခုကို အသုံးပြုပါမယ်။ ၁၀ တန်း အမှတ်စာရင်းတစ်ခုမှာ အဓိကကတော့
ကျောင်းသား၊ ကျောင်းသူတွေရဲ့ အမည် နဲ့ သူတို့ရဲ့ တစ်ဘာသာချင်းဆီမှာ ရခဲ့တဲ့ အမှတ်တွေရှိနေမယ်။
ဒီကျောင်းသားကျောင်းသူတွေအနေနဲ
့စာမေးပွဲ အောင်လား မအောင်လားသိချင်တယ်။ အောင်လိုရှိရင်လည်း ဂုဏ်ထူး ဘယ်နှစ်ခု ပါလဲ
သိချင်တယ်။ ဒါတွေကတော့ အခြေအနေတွေဖြစ်ပါတယ်။
ဒီအခြေအနေတွေကို
တစ်ခုချင်းဆီ စမ်းစစ်ကြည့်ရအောင်။
၁။
တစ်ဘာသာဆီမှာ အောင်ဖို့ အနည်းဆုံး အမှတ် ၄၀ လိုပါတယ်။
၂။
တစ်ဘာသာဆီမှာ ဂုဏ်ထူးရဖို့ အနည်းဆုံး ၇၅ မှတ် လိုပါတယ်။
၃။
၁၀ တန်း စာမေးပွဲအောင်ဖို့ ဘာသာစုံ အောင်ဖို့လိုပါတယ်။
လေ့ကျင့်ခန်း ၁
အရင်ဆုံး
တစ်ဘာသာချင်းဆီမှာ အောင်မအောင် အရင်မေးကြည့်ပါမယ်။ တစ်ဘာသာဆီမှာ အောင်ဖို့ အနည်းဆုံး
အမှတ် ၄၀ လိုတဲ့အတွက် ကျောင်းသားကျောင်းသူတိုင်းဟာ အကယ်၍ ရမှတ် ၄၀ နှင့် အထက်ပိုပြီး
ရပြီဆိုရင် အဲဒီဘာသာ အောင်ပါပြီ။ ဒါမှမဟုတ်ဆိုရင် ကျပါမယ်။ ပြီးခဲ့တဲ့ စာကြောင်းလေးက
မြန်မာလိုရေးထားရင် ရှင်းရှင်းလေးပါ။ ဒီစာကြောင်းရှင်းရှင်းလေးကို Excel
နားလည်တဲ့
ဘာသာစကားနဲ့ ပြန်ပြောင်းရေးလိုက်ရပါမယ်။
အရင်ဆုံး
မောင်ဖြိုး မြန်မာစာ အောင် မအောင် ကို Excel
ကို
မေးလိုက်ရအောင်။ မောင်ဖြိုးရဲ့ မြန်မာစာရမှတ်ဟာ Excel ရဲ့
ဆဲလ်အကွက်
B2 မှာ ရှိပါတယ်။ မောင်ဖြိုး မြန်မာစာ အောင်မအောင်
ကို Excel
ရဲ့
ဆဲလ်အကွက်
B12 မှာ မေးကြည့်မယ်။ Excel
Formua တွေ
ထဲမှာ စာသားတွေကို ရေးစေချင်ရင် မျက်တောင်အဖွင့်အပိတ်လေးနဲ့ ရေးရပါမယ်။
မြန်မာလို ရေးခြင်း
|
အင်္ဂလိပ်လို ရေးခြင်း
|
Excel လို
ရေးခြင်း
|
အကယ်၍
မောင်ဖြိုးရဲ့ မြန်မာစာ ရမှတ်ဟာ ၄၀ နှင့် အထက် ဆိုရင်
|
If Mg Phyo’s Myanmar Score >= 40,
|
IF(B2>=40,
|
အောင်တယ်။
|
he passes.
|
“Pass”
|
ဒါမှ
မဟုတ်ရင် ကျတယ်။
|
Otherwise, he fails.
|
“Fail”)
|
ဆဲလ်အကွက် B12 မှာ အောက်ပါ Formula ကို ရိုက်ထည့်ပါ။
=IF(B2>=40,”Pass”,”Fail”)
မောင်ဖြိုး
မြန်မာစာ မအောင်တဲ့ အတွက် Fail
ဆိုပြီး
ဆဲလ်အကွက် B12 မှာ
ပေါ်လာပါမယ်။
နောက်
မောင်ဖြိုး အင်္ဂလိပ်စာ အောင်မအောင်ကို ဆဲလ်အကွက် C12 ထပ်မေးကြည့်ရအောင်။
မောင်ဖြိုးရဲ့
အင်္ဂလိပ်စာရမှတ်ဟာ Excel ရဲ့ ဆဲလ်အကွက် C2 မှာ ရှိပါတယ်။
=IF(C2>=40,”Pass”,”Fail”)
အင်္ဂလိပ်စာမှာ
မောင်ဖြိုးအောင်ပါတယ်။
မေးခွန်း ။ ။ ကျန်တဲ့ ကျောင်းသားတွေအတွက် တစ်ဘာသာချင်းဆီမှာ အောင်မအောင် ကို စစ်ကြည့်ပါ။
လေ့ကျင့်ခန်း ၂
အခု
ကျောင်းသားတွေဟာ တစ်ဘာသာချင်းဆီမှာ ဂုဏ်ထူး ထွက်မထွက် မေးကြည့်ပါမယ်။ တစ်ဘာသာဆီမှာ
ဂုဏ်ထူးထွက်ဖို့ အနည်းဆုံး အမှတ် ၇၅ လိုတဲ့ အတွက် aကျာင်းသားကျောင်းသူတိုင်းဟာ အကယ်၍
ရမှတ် ၇၅ နှင့် အထက်ပိုပြီး ရပြီဆိုရင် အဲဒီဘာသာ ဂုဏ်ထူးထွက်ပါပြီ။ ဒါမှမဟုတ်ဆိုရင်
ရိုးရိုးပဲ အောင်ပါမယ်။
မောင်ထက်
ရူပဗေဒမှာ ဂုဏ်ထူးထွက်မထွက်ကို ဆဲလ်အကွက် E13 မေးပါမယ်။ မောင်ထက်ရဲ့ ရူပဗေဒ အမှတ်ဟာ
Excel
ရဲ့
ဆဲလ်အကွက်
E3 မှာ ရှိပါတယ်။
မြန်မာလို ရေးခြင်း
|
အင်္ဂလိပ်လို ရေးခြင်း
|
Excel လို
ရေးခြင်း
|
အကယ်၍
မောင်ထက်ရဲ့ ရူပဗေဒ ရမှတ်ဟာ ၇၅ နှင့် အထက် ဆိုရင်
|
If Mg Htet’s Physics Score >= 75,
|
IF(E3>=75,
|
ဂုဏ်ထူးထွက်တယ်။
|
he gets distinction.
|
“Distinction”
|
ဒါမှ
မဟုတ်ရင် ရိုးရိုးပဲအောင်တယ်။
|
Otherwise, he passes normally
|
“Normal Pass”)
|
ဆဲလ်အကွက် E13 မှာ အောက်ပါ Formula ကို ရိုက်ထည့်ပါ။
=IF(E3>=75,”Distinction”,”Normal Pass”)
မောင်ထက်
ရူပဗေဒ ဂုဏ်ထူးထွက်တဲ့ အတွက် Distinction
ဆိုပြီး
ဆဲလ်အကွက် E13 မှာ ပေါ်လာပါမယ်။
မေးခွန်း ။ ။ ကျန်တဲ့ ကျောင်းသားတွေအတွက် တစ်ဘာသာချင်းဆီမှာ ဂုဏ်ထူး ထွက် မထွက် ကို စစ်ကြည့်ပါ။
လေ့ကျင့်ခန်း ၃
အခုတော့
ကျောင်းသားတွေဟာ ၁၀ တန်း စာမေးပွဲ အောင်မအောင်ကို စစ်ပါမယ်။ ၁၀ တန်းစာမေးပွဲအောင်ဖို့
မြန်မာစာရော၊ အင်္ဂလိပ်စာရော၊ သင်္ချာရော၊ ရူပဗေဒရော၊ ဓာတုဗေဒရော၊ ဇီဝဗေဒရော အားလုံးမှာ
အောင်ဖို့လိုပါတယ်။ အဲဒီလို ဟိုဟာရော ဒီဟာရော တစ်ပြိုင်နက်ထဲ ဖြစ်နေတာကို
အစုသီအိုရီ (Set
Theory) မှာ
“နှင့်” “And” နဲ့
ပြောလေ့ရှိပါတယ်။ Excel မှာ တော့ IF(AND(--, -- , --),
--, -- )
ဆိုပြီး ရေးပါမယ်။
ဥပမာအနေနဲ့
မနှင်းက ၁၀ တန်း စာမေးပွဲ အောင်မအောင်ကို ဆဲလ်အကွက် H7 မှာ စစ်ပါမယ်။ မနှင်းရဲ့
ရမှတ်တွေဟာ ဆဲလ်အကွက် B7, C7, D7, E7, F7 နဲ့
G7
မှာ
ရှိပါတယ်။
မြန်မာလို ရေးခြင်း
|
အင်္ဂလိပ်လို ရေးခြင်း
|
Excel လို
ရေးခြင်း
|
အကယ်၍
မနှင်းရဲ့ ဘာသာရမှတ်တိုင်းဟာ ၄၀ နဲ့အထက်ဆိုရင်
|
If Ma Hninn’s Myanmar Score >= 40
And her
English Score >=40
And her Math Score >=40
And her
Physics Score >=40
And her
Chemistry Score >=40
And her
Biology Score >=40
|
IF(AND(
B7>=40,
C7>=40,
D7>=40,
E7>=40,
F7>=40,
G7>=40),
|
၁၀
တန်း စာမေးပွဲ အောင်တယ်။
|
She passes 10 standard exam.
|
“Pass”
|
ဒါမှ
မဟုတ်ရင် ၁၀ တန်း စာမေးပွဲ ကျတယ်။
|
Otherwise, she fails.
|
“Fail”)
|
ဆဲလ်အကွက် H7 မှာ အောက်ပါ Formula ကို ရိုက်ထည့်ပါ။
=IF(AND(B7>=40, C7>=40, D7>=40, E7>=40, F7>=40,
G7>=40), “Pass”, “Fail”)
မနှင်းက
ရူပဗေဒနဲ့ ဇီဝဗေဒပဲ အောင်ပါတယ်။ ကျန်တာ အကုန်ကျတဲ့အတွက် Fail ဆိုပြီး
ဆဲလ်အကွက်
H7
မှာ
ပေါ်လာပါမယ်။
မေးခွန်း ။ ။ ကျန်တဲ့ ကျောင်းသားတွေအတွက် ၁၀ တန်း စာမေးပွဲ အောင်မအောင် ကို စစ်ကြည့်ပါ။
လေ့ကျင့်ခန်း ၎
အခုတော့
ကျောင်းသားတွေဟာ ၁၀ တန်း စာမေးပွဲ အောင်မအောင်ကို နောက်တစ်နည်းနဲ့ စစ်ပါမယ်။ အဲဒါ ဘာလဲဆိုတော့ ၁၀ တန်း စာမေးပွဲ အောင်မအောင်လို့ မမေးဘဲ ၁၀ တန်း စာမေးပွဲ ကျမကျဆိုပြီး မေးခွန်းပြောင်းမေးလိုက်တာပါ။ ၁၀ တန်း စာမေးပွဲ ကျဖို့ မြန်မာစာဖြစ်ဖြစ်၊
အင်္ဂလိပ်စာဖြစ်ဖြစ်၊ သင်္ချာဖြစ်ဖြစ်၊ ရူပဗေဒဖြစ်ဖြစ်၊ ဓာတုဗေဒဖြစ်ဖြစ်၊ ဇီဝဗေဒဖြစ်ဖြစ်
တစ်ခုခုမှာပဲ ကျဖို့လိုပါတယ်။ အဲဒီလို ဟိုဟာဖြစ်ဖြစ် ဒီဟာဖြစ်ဖြစ် ကို အစုသီအိုရီ (Set Theory) မှာ “သို့မဟုတ်” “Or” နဲ့
ပြောလေ့ရှိပါတယ်။ Excel မှာ တော့ IF(OR (--, -- , --),
--, -- )
ဆိုပြီး ရေးပါမယ်။
ဥပမာအနေနဲ့
မအိက ၁၀ တန်း ကျ မကျကို ဆဲလ်အကွက် H8 မှာ စစ်ပါမယ်။ မအိရဲ့ ရမှတ်တွေဟာ ဆဲလ်အကွက် B8,
C8, D8, E8, F8 နဲ့ G8 မှာ ရှိပါတယ်။
မြန်မာလို ရေးခြင်း
|
အင်္ဂလိပ်လို ရေးခြင်း
|
Excel လို
ရေးခြင်း
|
အကယ်၍
မအိရဲ့ ဘာသာရမှတ်တစ်ခုခုဟာ ၄၀ အောက် ဆိုရင်
|
If Ma Ei’s Myanmar Score < 40
Or her
English Score < 40
Or her Math Score < 40
Or her
Physics Score < 40
Or her
Chemistry Score < 40
Or her
Biology Score < 40
|
IF(OR(
B8<40,
C8<40,
D8<40,
E8<40,
F8<40,
G8<40),
|
၁၀
တန်း စာမေးပွဲ ကျတယ်။
|
She fails 10 standard exam.
|
“Fail”
|
ဒါမှ
မဟုတ်ရင် ၁၀ တန်း စာမေးပွဲ အောင်တယ်။
|
Otherwise, she passes.
|
“Pass”)
|
ဆဲလ်အကွက် H8 မှာ အောက်ပါ Formula ကို ရိုက်ထည့်ပါ။
=IF(OR(B8<40, C8<40, D8<40, E8<40, F8<40, G8<40),
“Fail”, “Pass”)
မအိအတွက် Pass
ဆိုပြီး
ဆဲလ်အကွက် H8 မှာ ပေါ်လာပါမယ်။
No comments:
Post a Comment