Sunday, November 3, 2013
Count of Excel Cristo
Excel မှာ တစ်ခုခု
ရေတွက်ချင်လို့ရှိရင်
Cell တစ်ခု နှစ်ခုလောက်ဆိုရင်တော့ မျက်လုံးနဲ့ ကြည့်ပြီး
ရေတွက်လို့ရပေမယ့်
ကိုယ်ရေတွက်ရမယ့်
Cell တွေ များလာရင်တော့
Count Function တွေ
မသိဘဲ
အလုပ်မဖြစ်ပါဘူး။
Excel က Count Function တွေမှာ အဓိကကတော့ ၄ မျိုးရှိပါတယ်။
၁။ COUNT နံပါတ်ပါတဲ့ Cell အရေအတွက်
၂။ COUNTA စာသားပါတဲ့ Cell အရေအတွက်
၃။ COUNTBLANK ဗလာဖြစ်နေတဲ့ Cell အရေအတွက်
၎။ COUNTIF သို့မဟုတ် COUNTIFS အားလုံးထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးပါ။ ဒါနဲ့ဆိုရင် ကိုယ်သိချင်တာမှန်သမျှ ရေတွက်လို့ရပါတယ်။
အောက်မှာတော့ COUNTIF Function သုံးလို့ရတဲ့ နည်းလမ်းနည်းနည်းပါးပါးကို အမြည်းပေးထားပါတယ်။ ဒေတာ Range ကတော့ အခုလောလောဆယ် A1 ကနေ A10 အထိပဲ ပေးထားပါတယ်။
=COUNTIF(A1:A10,"Hninn") Hninn ဆိုတဲ့ စာလုံးပါတဲ့ Cell အရေအတွက်
=COUNTIF(A1:A10,"*") စာသားပဲပါတဲ့ Cell အရေအတွက်။ COUNTA နဲ့ ဆင်ပါတယ်။
=COUNTIF(A1:A10,"?????") စာလုံး ၅ လုံးပဲပါတဲ့ Cell အရေအတွက်
=COUNTIF(A1:A10,"H*") H နဲ့စတဲ့ စာလုံးပါတဲ့ Cell အရေအတွက်
=COUNTIF(A1:A10,"*n") n နဲ့ ဆုံးတဲ့ စာလုံးပါတဲ့ Cell အရေအတွက်
=COUNTIF(A1:A10,">=10") ၁၀ နဲ့ အထက်ဂဏန်းပါတဲ့ Cell အရေအတွက်
=COUNTIF(A1:A10,">20") - COUNTIF(A1:A10,">10") ၁၀ နဲ့ ၂၀ အကြား နံပါတ်ပါတဲ့ Cell အရေအတွက်
Count Function တွေ သိပြီးသွားရင် နောက်ဆို ပေသီးမလိုတော့ဘူး။
Labels:
Excel
Subscribe to:
Post Comments (Atom)
No comments:
Post a Comment