Saturday, December 7, 2013

Excel Data Analysis ToolPak


Statistics အတွက်ဆိုရင်  SPSSSASR စတဲ့ ဆော့ဝဲလ်တွေကို အသုံးများပါတယ်။ ဒါပေမယ့် Excel ကိုတော့ Statistics အတွက် သုံးလို့မရဘူးလို့ များသောအားဖြင့် ထင်တတ်ကြပါတယ်။ ကိုယ့်ဆီမှာ Dataset က အရမ်းကြီးနေရင်၊ တွက်ရမှာတွေ များနေရင် စောစောက ပြောတဲ့ဆော့ဝဲလ်တွေက အများကြီး အဆင်ပြေပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ Descriptive Statistics တို့ Chi-square Test တို့ Simple Linear Regression တို့ လုပ်ရုံပဲဆိုရင်တော့ Statistics သီအိုရီတွေ သိဖို့ကြိုးစားနေရတာက တစ်မျိုး၊ SPSS မသုံးတတ်လို့ တိုင်ပတ်နေကတစ်မျိုးနဲ့ဆိုတော့ အလုပ်က မတွင်တော့ပါဘူး။

ကိုယ်က တော်ရုံတန်ရုံ Statistical Tests တွေ အတွက်ပဲ သုံးမယ်ဆိုရင်တော့ Excel မှာ မြန်မြန်နဲ့ လွယ်လွယ်လုပ်နိုင်ပါတယ်။ Data Analysis ToolPak Add-in ကို သွင်းလိုက်ရုံပါပဲ။ သူကတော့ Excel မှာ နဂိုကတည်းက ပါပြီးသားပါ။


၁။ File ကို သွားပြီး Options ကို နှိပ်ပါ။
၂။ Add-Ins ကို နှိပ်ပြီး Manage အကွက်ထဲက Excel Add-Ins ကို ရွေးပြီး Go ကို နှိပ်ပါ။
၃။ Analysis ToolPak အကွက်မှာ အမှန်ခြစ်ပြီး OK နှိပ်လိုက်တာနဲ့ သွင်းပြီးသားဖြစ်ပါပြီ။
၎။ ပြီးရင်တော့ Data ကနေတစ်ဆင့် ToolPak လေးကို သုံးနိုင်ပါတယ်။  

Toolpak ကနေ Statistics အတွက် သုံးလို့ရတာတွေထဲမှာ
- ANOVA
- Correlation
- Chi-square Test
- Descriptive Statistics
- Histogram
- Rank and Percentile
စတာတွေ ပါပါတယ်။ တစ်ခြားသုံးလို့ရတာတွေလဲ ရှိပါသေးတယ်။

နောက်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေ Statistics အတွက် SPSS မသုံးတတ်လို့ ဗျာများနေတဲ့အချိန်မှာ ကိုယ်က နှာတစ်ဖျားသာသွားလို့ ရတာပေါ့။

No comments:

Post a Comment