Thursday, October 31, 2013

Happy Anniversary


Nov 1st, 2013. Today makes one year anniversary of me being back home in Myanmar. Many of my friends would know how much I was dying, a year ago, to be back home.




Within this one year, I got a chance to travel a lot to so many places in Myanmar via work, vacation, family visits, so on.

To be exact, I spent 59 days traveling around 22 towns; that is, 16% of a year. Ohhh and I haven't mentioned that I will be out of town for the next two weeks. That's not as much traveling compared to some of my friends or colleagues. But I am still traveling a lot in Burmese eyes, at least in my parents' eyes.

So being quite a nerd, I ended up making a map of my travel locations to celebrate/ commemorate this anniversary. 
 
Myanmar is such a small country and yet I still have a lot to explore. Most of my travel locations have been repeatedly visited. Hopefully, next year, I will have gathered bigger sample size to make prettier map. =)


Monday, October 28, 2013

xkcd


xkcd.com ဆိုတာ သင်္ချာနဲ့ ပတ်သက်ပြီး ဟာသကာတွန်းလေးတွေ တင်ပေးထားတဲ့ ကျွန်မအလွန်ကြိုက်ရတဲ့ ဆိုဒ်လေးဖြစ်ပါတယ်။ Statistics နဲ့ဆိုင်တဲ့ အကြိုက်ဆုံး ကာတွန်းလေးတွေတော့ အောက်မှာ တစ်ခါတည်း တွဲပေးလိုက်ပါတယ်။


Boyfriend
Boyfriend




Dating Pools
 Dating Pools

 

Conditional Risk
Conditional Risk 
















Useless
 Useless 


Saturday, October 26, 2013

Spotting an outlier




နံပါတ်တစ်ခု မှားနေမှန်း ကျွန်မဘယ်လိုသိသလဲလို့ မကြာခဏ အမေးခံရပါတယ်။ အမှန်အတိုင်းပြောရရင် နံပါတ်တစ်ခု မှားနေမှန်း ကျွန်မအမြဲတမ်း တန်းပြီး မသိနိုင်ပါဘူး။ အချို့နံပါတ်တွေကတော့ ဆိုင်ရာ ဘာသာရပ်အပေါ် မူတည်ပြီး သိနိုင်ပါတယ်။

ကျွန်မဆီမှာ ကိုယ်ဝန်ဆောင်သည်တွေရဲ့ သွေးပေါင်ချိန်နှုန်းတွေမှတ်ထားတဲ့ ဒေတာ ရှိတယ်ဆိုပါတော့။ အဲဒီသွေးပေါင်ချိန်နှုန်းတွေမှာ အပေါ်သွေး ၄၀ အောက်ရှိနေတာတွေ တွေ့တာနဲ့ ဒီနံပါတ်မှားနေတယ်ဆိုတာ ကျွန်မတန်းပြီး ပြောနိုင်ပါတယ်။ ဒေတာဖြည့်တဲ့သူမှားနေလား၊ သွေးတိုင်းတဲ့သူပဲ မှားနေလား၊ တစ်ယောက်ယောက်တော့ အမှားလုပ်ခဲ့တာမှန်း တန်းသိပါတယ်။အဲဒါဘာလို့လဲဆိုတော့ ကျွန်မမှာ ဇီဝဗေဒအခြေခံရှိတဲ့အတွက် လူတစ်ယောက်က သွေးပေါင်ချိန် အဲဒီလောက်နည်းနေလို့ရှိရင် အသက်တောင်မရှင်နိုင်တော့ဘူးဆိုတာ သိနေလို့ပါ။

ဒါပေမယ့် Statistician တော်တော်များများက ဆိုင်ရာဘာသာရပ်တွေမှာ ကျွမ်းကျင်သူတွေ မဟုတ်ကြဘူးလေ။ ဒီတော့ ကိုယ်နဲ့ အကျွမ်းတဝင်မရှိတဲ့ ဘာသာရပ်က ဒေတာကို ကြည့်ရပြီဆိုရင်တော့ အမှားကို လုံးဝမပြောနိုင်တောင်မှ မှားနိုင်ချေရှိတဲ့နံပါတ်တွေကို ရှာလို့ရပါတယ်။ အဲဒါကို outlier လို့ခေါ်ပါတယ်။ ဒီ outlier တွေကို ရှာချင်ရင် နည်း ၂ နည်း ရှိပါတယ်။ သူတို့ကတော့ သဘောတရားက အတူတူပါပဲ။ ၂ နည်းစလုံးမှာ ဒေတာရဲ့ ဖြန့်ကျက်မှု (Distribution) ကို အခြေခံထားတာပါ။

ပထမနည်းကတော့ ကိုယ့်ဒေတာရဲ့ အနည်းဆုံးနံပါတ် (Minimum Value) ၊ အများဆုံးနံပါတ် (Maximum Value) နဲ့ ပျမ်းမျှချေ နံပါတ် (Average Value) တွေကို ယှဉ်ကြည့်လိုက်ဖို့ပါပဲ။  outlier ရှိနိုင်တဲ့ ဒေတာမှာ အနည်းဆုံး ၊ အများဆုံး နဲ့ ပျမ်းမျှချေ တွေဟာ အရမ်းကို ကွာခြားနေနိုင်ပါတယ်။ ပျမ်းမျှတွေ အများကြီးရှိနိုင်ကြောင်း ကျွန်မအရင်က ဒီပို့စ်မှာ ရေးခဲ့ပါသေးတယ်။


ဒုတိယနည်းကတော့ ကိုယ့်မှာ outlier ရှိမရှိ လိုက်စစ်ရမယ့် ဒေတာတွေများနေလို့ရှိရင် အရမ်း အသုံးဝင်ပါတယ်။ ပထမနည်းလို အနည်းဆုံး၊ အများဆုံးနဲ့ ပျမ်းမျှတွေကို တစ်ခုချင်းလိုက်ကြည့်နေမယ့်အစား Histogram တွေ ချဆွဲလိုက်ဖို့ပါပဲ။ Histogram က ကျွန်မအရင် ပို့စ်မှာ ရေးခဲ့တဲ့အတိုင်းပဲ ဒေတာတွေရဲ့ ဖြန့်ကျက်မှုကို မြင်လွယ်အောင် ဂရပ်လေးဆွဲထားတာဖြစ်ပါတယ်။ ဒီတော့ outlier ရှာတဲ့နေရာမှာ ကွာခြားချက်တွေကို လိုက်ပြီး နှုတ်နေစရာမလိုဘဲ မှားနိုင်ချေတွေ ဘယ်မှာစုနေလဲဆိုတာကို မျက်လုံးလေးတစ်ချက် ဝေ့လိုက်တာနဲ့တင် သိနိုင်ပါတယ်။

အပေါ်က Histogram မှာဆိုရင် ရှိဖို့တော်တော်ရှားတဲ့ အရပ် ၇ ပေနဲ့ ၁ လက်မ ရှိနေတဲ့ ကျောင်းသားတွေကို တန်းပြီးမြင်ရပါတယ်။

Friday, October 25, 2013

Finite Simple Group (of Order Two)


ကျွန်မ ကောလိပ်နောက်ဆုံးနှစ် ယူဖြစ်ခဲ့တဲ့ သင်္ချာအတန်းတစ်ခုက Modern Algebra မှာပေါ့။ ပါမောက္ခက အတန်းထဲမှာ ဒီသီချင်းလေးကို youtube ပေါ်ကနေ ဖွင့်ပြခဲ့တယ်။ ဒီသီချင်းကို ရေးတဲ့သူနဲ့ ဆိုတဲ့သူတွေက Klein Four Group လို့ခေါ်တယ်။ သူတို့က ဒီလိုသီချင်းတွေ ရေးတုန်း ဆိုတုန်းကတော့ သင်္ချာ ဘွဲ့လွန် ကျောင်းသားတွေ၊ အခုတော့ အသက်တွေကြီးပြီး ပါမောက္ခတွေတောင် ဖြစ်ကုန်ပြီ။

ဒီသီချင်းက Modern Algebra ကို အခြေခံပြီး ရေးထားတဲ့ အချစ်သီချင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ကျွန်မကြားဖူးခဲ့သမျှ အချစ်သီချင်းတွေထဲမှာ အဓိပ္ပါယ် အရှိဆုံးထဲမှာ ပါပါတယ်။ သီချင်းနာမည်က Finite Simple Group လို့ ခေါ်ပါတယ်။ Modern Algebra သဘောတရားအရ အဖွဲ့လေးတွေ အများကြီးရှိနိုင်တာပေါ့။ အဲဒီအထဲကမှ သုညရယ် တစ် ရယ်ပဲ ပါတဲ့ နှစ်ယောက်တည်းကမ္ဘာအဖွဲ့ကတော့ အရှင်းဆုံးပေါ့။ သူ့ကို Order (အဖွဲ့ဝင်) နှစ်ခုပဲရှိတဲ့ Finite Simple Group လို့ခေါ်ပါတယ်။ ဒီသီချင်းမှာတော့ တစ်က သုညအပေါ် သူ့ရဲ့အချစ်တွေကို ရင်ဖွင့်ပြောနေတာပေါ့။

တစ်က ဘယ်ဂဏန်းနဲ့ပဲ သွားမြှောက်မြှောက် အဲဒီဂဏန်းပဲ ပြန်ထွက်တယ်လေ။ အဲဒါကြောင့်မို့ တစ်ကို သင်္ချာမှာ Identity လို့ခေါ်တယ်။ ကိုယ်ပိုင်ဟန်လို့ ဘာသာပြန်ရမလားပဲ။ ဒါပေမယ့် တစ်က သုညနဲ့ သွားမြှောက်ရင်တော့ ဂဏန်းတစ်ခုခုထွက်မယ့်အစား မရှိကိန်းဖြစ်တဲ့ သုညသွားထွက်တယ်။ အဲဒါကို Identity ပျောက်တယ်လို့ ဆိုလို့ရပါတယ်။

ဒီတော့ ဒီ Finite Simple Group (of Order Two) မှာ သုညကြောင့် တစ်က ဘယ်လောက်ပဲ သူရဲ့ ပင်ကိုအကျင့်တွေ၊ ဟန်တွေ ပျောက်သွားပါစေ၊ သူ့ရဲ့ အနာဂတ်က မရှိကိန်းတစ်ခု ဖြစ်နေပါစေ၊ အမြဲ မခွဲဘဲ အတွဲ အတူနေသွားချင်ကြောင်း ပြောနေတာပါ။

သီချင်းကို ဒီမှာ နားထောင်နိုင်ပါတယ်။
http://www.youtube.com/watch?v=UTby_e4-Rhg&feature=channel_page

စာသားကတော့ အောက်မှာပါ။


The path of love is never smooth
But mine's continuous for you
You're the upper bound in the chains of my heart
You're my Axiom of Choice, you know it's true

But lately our relation's not so well-defined
And I just can't function without you
I'll prove my proposition and I'm sure you'll find
We're a finite simple group of order two

I'm losing my identity
I'm getting tensor every day
And without loss of generality
I will assume that you feel the same way

Since every time I see you, you just quotient out
The faithful image that I map into
But when we're one-to-one you'll see what I'm about
'Cause we're a finite simple group of order two

Our equivalence was stable,
A principal love bundle sitting deep inside
But then you drove a wedge between our two-forms
Now everything is so complexified

When we first met, we simply connected
My heart was open but too dense
Our system was already directed
To have a finite limit, in some sense

I'm living in the kernel of a rank-one map
From my domain, its image looks so blue,
'Cause all I see are zeroes, it's a cruel trap
But we're a finite simple group of order two

I'm not the smoothest operator in my class,
But we're a mirror pair, me and you,
So let's apply forgetful functors to the past
And be a finite simple group, a finite simple group,
Let's be a finite simple group of order two
(Oughter: "Why not three?")

I've proved my proposition now, as you can see,
So let's both be associative and free
And by corollary, this shows you and I to be
Purely inseparable. Q. E. D.

Thursday, October 24, 2013

Murphy eventually



Murphy's Law says  "Anything that can go wrong will go wrong eventually"I am sure everyone has heard of it. Guess what! Murphy was right. Here is a simple statistical trick to prove it.


Step 1
Let's say,    
Probability that A can go wrong                                      =   p
Probability that A cannot go wrong                                  =  1 - p
Probability that A has never gone wrong after n trials      = (1 - p)^n


Step 2
Probability that A will go wrong at least once after n trials
= 1 - Probability that A has never gone wrong after n trials
= 1 - (1 - p)^n

Step 3
Probability that A will go wrong eventually
= lim (n -> infinity)        Probability that A will go wrong at least once after n trials
= lim (n -> infinity)             1 - (1 - p)^n   
=              1                -       lim (n -> infinity)        (1 - p)^n 
=              1                -       0                                                             { because 0 < 1 - p < 1 }
=              1


QED. Isn't it neat?
   



Wednesday, October 23, 2013

Histograms vs Column Graphs



ကျောင်းမှာ ငယ်ငယ်တုန်းက Histogram ဆိုပြီး ဂရပ်ဆွဲနည်းလေးတွေ သင်ခဲ့ရတယ်။ အခုကြီးလာတော့ အလုပ်ခွင်မှာ Column/Bar Graphs လေးတွေ ဘာလေးတွေ ဆွဲပြီး သုံးတတ်လာပြီ။ အဲဒီနှစ်ခု ဘာကွာလဲလို့ မေးလို့ရှိရင်  တော်တော်များများကတော့ အဲဒီနှစ်ခု အတူတူ မဟုတ်ဘူးလားလို့ ပြန်ပြောလာပါလိမ့်မယ်။ တော်ရုံ Statistics ဒါမှမဟုတ် သင်္ချာ ဒါမှမဟုတ် အင်ဂျင်နီယာ ကျောင်းဆင်းတွေတောင် သိလေ့မရှိကြပါဘူး။

Histogram ကတော့ ဒေတာတွေရဲ့ ဖြန့်ကျက်မှု (Distribution) ကို ပြတဲ့ ဂရပ်ဖြစ်ပါတယ်။ Column Graph ကတော့ အုပ်စုတစ်စုစီမှာ ကိုယ်တိုင်းတာချင်တဲ့ ကိန်းဂဏန်းက ဘယ်လောက်နည်းတယ်၊ များတယ် ဆိုတာ ပြတဲ့ ဂရပ်ဖြစ်ပါတယ်။ သူတို့နှစ်ခုရဲ့ အဓိက ကွာခြားချက်က ဂရပ်အောက်နဲ့ ဘေးက မျဉ်းလေးတွေ ဖြစ်ပါတယ်။ X ဝင်ရိုးနဲ့ Y ဝင်ရိုးတွေပေါ့။

 Histogram မှာ သူ့ရဲ့အောက်က X ဝင်ရိုးမျဉ်းက ကိန်းမျဉ်းဖြစ်ပါတယ်။ ကိန်းမျဉ်းဖြစ်တဲ့အတွက် အမြဲတမ်း နံပါတ်တွေနဲ့ပဲ ဖြစ်နေမယ်။ နောက်ပြီး ကိန်းမျဉ်းဆိုတာ တစ်ဆက်တည်းရှိတဲ့အတွက် ဂရပ်က အတုံးလေးတွေကလည်း တစ်ခုနဲ့တစ်ခု ကပ်ပြီးရှိနေမယ်။ အဲဒီအတွက် ဒေတာက ဘယ်လိုဖြန့်ကျက်နေလဲ၊ ခေါင်းလောင်းပုံလေး (Normal Distribution) လား၊ တစ်သတ်မတ်တည်း (Uniform Distribution) လား၊ စတာတွေကို သိနိုင်ပါတယ်။ ပြီးတော့ Histogram ရဲ့ Y ဝင်ရိုးဟာ အမြဲတမ်း အရေအတွက် နံပါတ်တစ်ခုဖြစ်ပါတယ်။

Column Graph မှာကတော့ သူ့ရဲ့အောက် X ဝင်ရိုးမျဉ်းက အုပ်စုတစ်စုစီကို ကိုယ်စားပြုတာဖြစ်ပါတယ်။ အဲဒီအုပ်စုက နံပါတ် ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် လူတစ်ယောက်ချင်းစီ၊ ကျားမ စတဲ့ စာသားတွေလဲ ဖြစ်နိုင်တယ်။  နံပါတ်ပဲဖြစ်ဖြစ်၊ စာပဲဖြစ်ဖြစ် သူ့ရဲ့မျဉ်းက ကိန်းမျဉ်းမဟုတ်ပါဘူး။ အဲဒါကတော့ Histogram နဲ့ အဓိက ကွာခြားချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ Column Graph ရဲ့ Y ဝင်ရိုးဟာ အမြဲတမ်း ညွှန်းကိန်းနံပါတ်လေးတစ်ခု ဖြစ်နေလိမ့်မယ်။ ဥပမာ - အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ခရီးအကွာအဝေး၊ အသက်၊ တစ်နေ့စားတဲ့ ကယ်လိုရီ စသည်ဖြင့် အများစုမှာ ယူနစ်တွေ ရှိနေလိမ့်မယ်။ Column Graph က ဖြန့်ကျက်မှုကို ပြောတဲ့ ဂရပ်မဟုတ်ပါဘူး။

အပေါ်က ပုံမှာ  Histogram နဲ့ Column Graph ကွာခြားချက်ကို ကျောင်းသား ၉ ယောက်ရဲ့ အရပ်တိုင်းထားတာနဲ့ ဥပမာပေးထားပါတယ်။ ညာဘက်က Column Graph ဟာ ကျောင်းသားတစ်ဦးချင်းစီရဲ့ အရပ်အမြင့်ကို ပြတဲ့ ဂရပ်ဖြစ်ပြီး ဘယ်ဘက်က Histogram မှာတော့ အရပ်အမြင့်တစ်ခုချင်းစီမှာ ကျောင်းသားဘယ်နှစ်ဦးရှိလဲဆိုတာကို ပြတဲ့ဂရပ်ဖြစ်ပါတယ်။ ဂရပ်နှစ်ခုစလုံးက ဒေတာတစ်ခုထဲက ယူထားတာ ဖြစ်ပေမယ့် အဓိပ္ပါယ်ကတော့ မတူပါဘူး။

ကပ်သီးကပ်သပ် ပြောရမယ်ဆိုရင်တော့ Histogram က Column Graph တစ်မျိုးလို့လဲ ပြောလို့ရပါတယ်။ ဒါကတော့ စာဖတ်သူ သဘောပါ။