Friday, October 11, 2013

Creating a receivable account in Excel


ကျွန်မက ငွေတိုးချေးစားတဲ့ လူတစ်ယောက်ဆိုပါတော့။ ကျွန်မဆီမှာက ငွေလာချေးတဲ့သူတွေ ခပ်များများဆိုတော့ အတိုးတွေ အရင်းတွေကို လက်နဲ့တွက်ဖို့က တော်တော့်ကို ခက်တာ။ ဒီတော့ Excel လေး ဘာလေးနဲ့ Formula တွေ ကြိုထည့်ထားမှ တော်ကာကျတော့မယ်။


အဲ Excel မှာ Formula တွေ မထည့်ခင် ကျွန်မရဲ့ ချေးငွေစည်းကမ်းတွေကို အရင် ရှင်းပြမှဖြစ်မယ်။

၁။ အတိုးက တစ်လကို ၂% ပေးရမယ်။ အရပ်အခေါ် ၂ ကျပ်တိုးပေါ့။ သိပ်မများပါဘူး။ ဒါပေမယ့် လတိုင်း အတိုးက လက်ကျန်အပေါ် ထပ်သွားမှာ ဖြစ်ပါတယ်။
၂။ တစ်လကို အရင်းရော အတိုးရောအတွက် အရင်းရဲ့ ၁၀% ပေးရပါမယ်။ ဒီထက်ပိုပေးလည်း စိတ်မဆိုးပါဘူး။
၃။ တစ်လအတွက် အနည်းဆုံးဆပ်ငွေကို မပေးရင် နောက်လမှာ ဒဏ်ကြေးအနေနဲ့ အရင်းရဲ့ ၁% ကို ထပ်ပေးရပါမယ်။ 
၎။ ပိုက်ဆံပေးရင် ကျွန်မက အတိုးကို အရင်ရှင်းတယ်။ ပြီးတော့ ဒဏ်ကြေးကို ရှင်းတယ်။ ပြီးတော့မှ အရင်းကို ရှင်းပါတယ်။

ဒီလောက်ဆိုရင် အလုပ်ဖြစ်ပြီ။

******************************************************************************************************************

ကျွန်မ ဒီဇင်ဘာလကုန်မှာ ငွေထုတ်ချေးလိုက်တယ် ဆိုကြပါဆို့။ ဒီတော့ ဇန်နဝါရီမှာ ကျွန်မ အကြွေးလိုက်တောင်းရတော့မယ်။

၁။ အရင်ဆုံး ကျွန်မဆီက ငွေချေးထားတဲ့သူ အနည်းဆုံး ဘယ်လောက်ပေးရမလဲဆိုတာ ကျွန်မသိဖို့လိုပါတယ်။ ကျွန်မ စည်းကမ်းက အနည်းဆုံး ၁၀ % လေ။
              Monthly Minimum Payment = Initial Loan Principal x 0.1

 ၂။ ပြီးတော့ ဇန်နဝါရီလမှာ စုစုပေါင်း ရရန်ငွေ ဘယ်လောက်တောင်းရမလဲဆိုတာ အရင်တွက်ရပါမယ်။ 

             - ဇန်နဝါရီမှာ အရင်းက မူလအရင်းအတိုင်းပဲ။
             Jan Receivable Principal = Initial Loan Principal

             - ဇန်နဝါရီမှာ အတိုးက ၂ ကျပ်တိုးဆိုတော့ ဇန်နဝါရီအတွက် အရင်းကို ၀.၀၂ နဲ့  မြှောက်ရပါမယ်။
             Jan Receivable Interest = Jan Receivable Principal x 0.02

             - ဒီတော့ ဇန်နဝါရီလမှာ စုစုပေါင်း ရရန်ငွေက အရင်းနဲ့ အတိုးနဲ့ ပေါင်းလိုက်တာပါပဲ။
             Jan Total Receivable Amount = Jan Receivable Interest + Jan Receivable Principal


၃။ ကျွန်မရဲ့ ဖောက်သည်က ပိုက်ဆံပမာဏတစ်ခုခုပေးလိုက်ပြီပေါ့။ ဒီတော့ ကျွန်မ သူပေးလိုက်တဲ့ငွေကို ကျွန်မရဲ့ စည်းကမ်းအရ အတိုးထဲ အရင်ထည့်မယ်။ ဒီမှာ ကျွန်မတို့ Excel Logic IF ကို သုံးရပါမယ်။ Excel Logic IF နဲ့ ပတ်သက်ပြီး အရင် ပို့စ်တစ်ခုမှာ ရေးထားပါတယ်။

             - တကယ်လို့ ဇန်နဝါရီမှာ ပေးလိုက်တဲ့ ပိုက်ဆံက ပေးရန်ရှိတဲ့ အတိုးထက်ပိုများရင် ပေးခဲ့တဲ့ အတိုးက ပေးရန်ရှိတဲ့ အတိုးနဲ့ အတူတူပါပဲ။

             - ဒါပေမယ့် ဇန်နဝါရီမှာ ပေးလိုက်တဲ့ ပိုက်ဆံက ပေးရန်ရှိတဲ့ အတိုးထက်ပိုနည်းရင်တော့ ပေးခဲ့တဲ့ အတိုးက ဇန်နဝါရီမှာ ပေးလိုက်တဲ့ ပိုက်ဆံနဲ့ အတူတူပါပဲ။

             - အဲဒါကို Excel Logic နဲ့ ရေးလိုက်တော့ 
             Jan Payment towards Interest 
                          =IF( Jan Payment >= Jan Receivable Interest, 
                                Jan Receivable Interest, 
                                Jan Payment)

 ၄။ နောက်ဆုံး အတိုးထဲ ထည့်ပြီးမှ ကျန်တဲ့ ပိုက်ဆံကို အရင်းထဲထည့်မယ်။
             Jan Payment towards Principal = Jan Payment - Jan Receivable Interest


၅။ ဒီတော့ နောက်လအတွက် လက်ကျန်စာရင်း Balance ထွက်လာတယ်။ ဒါကတော့ လွယ်လွယ်လေးပါ။ ရရန်ရှိထဲကနေ ရပြီးကို နှုတ်လိုက်တာပါ။
             Jan Balance = Jan Total Receivable Amount - Jan Payment



 ******************************************************************************************************************

ကဲ နောက်တစ်လ ဖေဖေါ်ဝါရီလကျတော့ နည်းနည်း ပိုရှုပ်လာပြီ။

၁။ ကျွန်မဆီက ငွေချေးထားတဲ့သူ အနည်းဆုံး ဘယ်လောက်ပေးရမလဲဆိုတာ ထပ်တွက်ဖို့ မလိုတော့ပါဘူး။ တွက်ပြီးသားလေ။ ကျွန်မသိဖို့လိုပါတယ်။ ကျွန်မ စည်းကမ်းက အနည်းဆုံး ၁၀ % လေ။


၂။ ဒါပေမယ့်  ဖေဖေါ်ဝါရီလမှာ စုစုပေါင်း ရရန်ငွေ ဘယ်လောက်တောင်းရမလဲဆိုတာကိုတော့  တွက်ရပါမယ်။

             ဖေဖေါ်ဝါရီလမှာ အရင်းက ဇန်နဝါရီလက လက်ကျန်ပါ။
             Feb Receivable Principal = Initial Loan Principal

             - အတိုးက ၂ ကျပ်တိုးဆိုတော့  ဖေဖေါ်ဝါရီအတွက် အရင်းကို ၀.၀၂ နဲ့  မြှောက်ရပါမယ်။
             Feb Receivable Interest = Feb Receivable Principal x 0.02

             - တကယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အနည်းဆုံး ပေးရန်ငွေကို မပေးခဲ့ရင် ဖေဖေါ်ဝါရီလမှာ ဒဏ်ကြေး ၁% ကို ပေးရပါမယ်။ ဇန်နဝါရီလမှာ အနည်းဆုံး ပေးရန်ငွေကို ပေးခဲ့ရင် ဒဏ်ကြေးမရှိပါဘူး။
             Feb Receivable Penalty
                          =IF( Jan Payment < Monthly Minimum,
                                 Initial Loan Principal x 0.01,
                                 0)


             - ကျန်တာကတော့ ဖေဖေါ်ဝါရီလမှာ စုစုပေါင်း ရရန်ငွေက အရင်းနဲ့ အတိုးနဲ့ ဒဏ်ကြေးနဲ့ ပေါင်းလိုက်တာပါပဲ။
             Feb Total Receivable Amount 
                          = Feb Receivable Interest + Feb Receivable Principal + Feb Receivable Penalty

၃။ ပြီးရင် ထုံးစံအတိုင်း  သူပေးလိုက်တဲ့ငွေကို ကျွန်မရဲ့ စည်းကမ်းအရ အတိုးထဲ အရင်ထည့်မယ်။ အဲဒါက ဇန်နဝါရီလမှာ အတိုးထဲထည့်ဖို့ ရေးခဲ့တဲ့ IF Function လိုပါပဲ။

             - တကယ်လို့  ဖေဖေါ်ဝါရီလမှာ ပေးလိုက်တဲ့ ပိုက်ဆံက ပေးရန်ရှိတဲ့ အတိုးထက်ပိုများရင် ပေးခဲ့တဲ့ အတိုးက ပေးရန်ရှိတဲ့ အတိုးနဲ့ အတူတူပါပဲ။ ဒါပေမယ့်  ဖေဖေါ်ဝါရီလမှာ ပေးလိုက်တဲ့ ပိုက်ဆံက ပေးရန်ရှိတဲ့ အတိုးထက်ပိုနည်းရင်တော့ ပေးခဲ့တဲ့ အတိုးက  ဖေဖေါ်ဝါရီလမှာ ပေးလိုက်တဲ့ ပိုက်ဆံနဲ့ အတူတူပါပဲ။
             Feb Payment towards Interest 
                          =IF( Feb Payment >= Feb Receivable Interest, 
                                 Feb Receivable Interest,
                                 Feb Payment)

 ၄။ ပြီးရင် ဒဏ်ကြေးထဲ ထည့်မယ်။ ဒီမှာ IF က နှစ်ဆင့် ရေးသလိုဖြစ်နေပါမယ်။

             - ဒဏ်ကြေး ပေးစရာ မရှိရင် ထည့်ဖို့ မလိုပါဘူး။

             - ဒဏ်ကြေး ပေးစရာလိုလျှင် ဖေဖေါ်ဝါရီလမှာ ပေးလိုက်တဲ့ငွေက ပေးရမယ့် ဒဏ်ကြေးနဲ့ အတိုးနှုန်းထက် များနေရင် ပေးရမယ့် ဒဏ်ကြေးပမာဏကို ယူပါမယ်။ ပေးလိုက်တဲ့ငွေက ပေးရမယ့် ဒဏ်ကြေးနဲ့ အတိုးနှုန်းထက် နည်းနေရင်တော့ ပေးလိုက်တဲ့ ငွေထဲက ပေးလိုက်တဲ့ အတိုးကို နှုတ်ရပါမယ်။
             Feb Payment towards Penalty 
                          =IF(Feb Receivable Penalty=0,
                                 0,
                                 IF(Feb Payment > Feb Receivable Penalty + Feb Receivable Interest, 
                                    Feb Receivable Penalty, 
                                    Feb Payment - Feb Payment towards Interest))

၅။ နောက်ဆုံး အတိုးထဲ ထည့်ပြီးမှ ကျန်တဲ့ ပိုက်ဆံကို အရင်းထဲထည့်မယ်။
             Feb Payment towards Principal = Feb Payment - Feb Receivable Interest - Feb Receivable Penalty

၆။ ပြီးရင် ထုံးစံအတိုင်း နောက်လအတွက် လက်ကျန်စာရင်း Balance ထွက်လာတယ်။
             Feb Balance = Feb Total Receivable Amount - Feb Payment



 ******************************************************************************************************************
နောက်လတွေကိုတော့ ဖေဖေါ်ဝါရီလလိုပဲ ဆက်လုပ်လို့ရပါတယ်။


နောက်နောင် အကြွေးပေးမိရင် လွယ်ကူမှန်ကန်စွာ အကြွေးပြန်တောင်းနိုင်ကြပါစေ။



No comments:

Post a Comment